Friday, February 17, 2012

လမ်းဆုံး


သူ ခေါ်တော့ လှည့်ကြည့်
ငိုယိုပြီး ပြုံးတော့ 
မျက်ဝန်း ထောင့်ကလေးက လှတယ်...။

ဘာကြောင့် ငိုသလဲကွယ်....
ရင်နင့်အောင်ခံစား....ဘ၀ရဲ့ထိုးချက်က
ငိုလောက်စရာ အဖြစ်နဲ့
ကြွှေလောက်တော့မယ့် ဖြစ်အင်မှာ 
နောက်ကျောဘက်က လက်တစ်စုံ
ကမ်းလင့်တယ်ဆို လိုက်ရဲမလား...။
ပန်းဆိုတာ ပင်မြင့်ထက်မှာ 
ပိုလို့လှ
သဘာဝဆိုတာ လည်နေတဲ့ စက်ဝိုင်းတစ်ခုဆို
မျက်ရည်ကျတယ်ဆိုတာလည်း 
ခဏပါကွယ်...။

ကဲ လိုက်ခဲ့
အတိတ်ကို ချန်ခဲ့ပြီး
လျှောက်ကြမယ် အနာဂတ်ထဲ
မင်းလိုက်ဝံ့တယ်ဆို
မိုးကုတ် စက်ဝိုင်းတစ်နေရာမှာ
လည်ပတ်ခြင်းမဆုံးမီ အတူသွားစို့
မင်း လက်ဖမိုး နုနုကလေးနဲ့
စိုလက်စ မျက်ရည် 
ဆတ်ခနဲ သုတ်လိုက်ဦး..။

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...