Friday, November 25, 2011

ပြန်ဆုံမယ့် အချိန်



On 04/13/2009 23:11:17

ချစ်သူရေ....
မလွမ်းချင်ပါပဲ...လွမ်းစိတ်ကနှိပ်စက်....
မနှစ်ကအချိန်ကိုရောက်ခဲ့ပြ န်ပြီ..
ရေစင်တစ်ခွက်နှင့်အတူ..
ရင်းနှီးမှုတွေစခဲ့တဲ့...မင်းနဲ့ငါ...
အခုတော့ တန်ခူးရေမှာ..
မြူးဖို့မအား....
လွမ်းရတဲ့ရက်တွေကလည်း များလိုက်တာ...။
ချမ်းတုန်ခဲ့တဲ့ နှလုံးသားလေ...
မင်းကအကြင်နာတဘတ်ပေးခြုံလို့...
နွေးထွေးရုံရှိသေး...
ပူပြင်းတဲ့ခရီး ငါလျှောက်ဖို့ထွက်ခဲ့တယ်....
ပိတောက်တစ်ခက်ကြူဖို့...
စောင့်ရတဲ့ရက် အချိန်ကတစ်နှစ်ဆို..
ငါ့အတွက်........
ဆယ်နှစ်လိုပေါ့..။
ဟော အခု .....
တန်ခူးလေ...တန်ခူးရေနဲ့...
ပိတောက်ပန်းတွေ.....ဖူး...ပွင့်..
မင်း..နဲ့ ..ငါ....
လွမ်းရင်းနဲ့.....
ပြန်ဆုံမယ်အချိန်ကို....စောင့်ဦးမယ်...။
သော်ဇင်(လွိုင်ကော်)

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...