Friday, November 25, 2011

လင်ရှိသော်လည်း မုဆိုးမ



လင်ရှိသော်လည်း မုဆိုးမ(၁)
မိုးစင်စင်လင်းခဲ့ပြီ။ အခုထိမအိပ်လိုက်ရပါပဲ အတွေးထဲမှာပဲမျောနေခဲ့မိတယ်။ ဒီလိုညပေါင်းများစွာလည်း မကြာ
မကြာဖြတ်ကျော်နေကြ။ ရိုးနေခဲ့ပါပြီလေ။ အခုဆိုသားတွေသမီးတွေတောင် အတော်ကြီးနေကြပြီ။ ဖြတ်သန်းလာရတဲ့
အိမ်ထောင်သက်တစ်လျှောက် သက်တောင့်သက်သာနေခဲ့ရသည်မရှိ။ ပင်ပန်းလိုက်တာလည်းလွန်ပါေ ရာ။ အိမ်ထောင်မကျ
မီကလည်း ဒီအတိုင်း၊ အိမ်ထောင်ကျပြီးလည်းဒီအတို င်း ဘာမှမထူး။ အားကိုးအားထားနှင့်ယောက်ျားယူမိကာမှထောင်လုံး
လုံးကျရတဲ့အဖြစ်။ အင်း... ကံဆိုးမသွားရာမိုးလိုက်လို့ ရွာဆိုတာ ဒါမျိုးနေမှာ။ အိမ်နေတုန်းကမှ ကိုယ့်လုပ်စာထဲကနေ စုမိ
ဆောင်းမိသေးတယ်။ အခုနေများ အင်္ကျိတစ်ထည်ဝယ်ဝတ်ဖို့မပြော နဲ့ စားဖို့တောင်မနဲရှာနေရတဲ့ အိမ်ထောင်ဦးစီးနေရာမှာ
ကျွန်မတဲ့။ တစ်ခါတစ်လေ ဒီယောက်ျားကိုအမ်းလို့ရရင် အမ်းလိုက်ချင်သေးတယ်။ သားသမီးတွေမျက်နှာထောက်လို့ တာ
ပေါ့။ ပြောမယ့်တာပြောရတာ သားသမီတွေကလည်း အမေရှိရင်ပြီးရော။ ဒါပေမယ့်လည်း အိမ်ဦးနတ်တော့ရှိဦးမှပေါ့ လို့
ပြောတဲ့သူကပြောလို့။
 အစတုန်းကတော့ ဟုတ်တိပတ်တိရယ်။ ရွာမှာနေရတဲ့ကျွန်မက မြို့မှာအလုပ်လုပ်ပြီး တစ်နှစ်တစ်ခေါက်မှပြန်လာ
တဲ့ သူ့ကိုအဟုတ်မှတ်လို့ကြိုက် မိတာ ငါးပါးကိုမှောက်ရောပဲ။ တစ်ချို့ကပြောပါတယ် လက်ကြောတင်းတာမဟုတ်ဘူး
အနေအစားချောင်လို့ မြို့မှာနေနေတာ။ မှားမယ်တဲ့။ ကျွန်မကတော့ချစ်နေတဲ့အချိန်ဆိုတော့ ချဉ်ချဉ်တူးတူးခါးခါးမူးမူးပဲ။
ဟုတ်တယ်လေ။ တစ်နေကုန် ယာထဲမှာပဲ မိုးလင်းမိုးချုပ်ခါးကုန်း အောင်လုပ်ပြီးမှ စေ့ဌအောင်မထောက်ပံ့နိုင်တဲ့  မိသားစုထဲမှာမနေချင်တာနဲ့ ကိုယ်လွှတ်ရုန်းချင်နေခဲ့တာ အဲဒီတုန်းကမမှားဘူးပေါ့။ မိသားစုထဲမှာ ကျွန်မရဲ့     ၀င်ငွေက
အခရာပေမယ့် အရွယ်မရောက်မီ (၇)နှစ်သမီးထဲက ရွက်လိုက်ရတဲ့ ဈေးတောင်းခေါင်းကို ကြိမ်းရော။  ပညာဆိုတာလည်း
သူငယ်တန်းနဲ့ နထ္တိတန်နေတာ။ ကျွန်မအရွယ်နဲ့အလုပ်နဲ့မမျှဘူးလို့ သေသွားတဲ့အဖွားက ခဏခဏပြောတယ်။ ချစ်တဲ့သူ
ရှိလာတော့ ကိုယ်ကလည်းကြိုက်မိတော့ ဘုရားမှတ်လို့ ကိုးကွယ်လိုက်တယ်။ ဘာပြောကောင်းမလည်း တောင်ပို့ကြီးပါပဲ။
 ယောက်ျားနောက်လိုက်သွားေ တာ့ အမေ့မှာငိုလိုက်တာ အရမ်းပဲတဲ့။ ငိုမှာပေါ့လေ ကျွန်မက အမေ့အတွက် အားတစ်ခုပဲ။ ပြီးတော့တစ်အားလည်းလျှော့သွားတယ်လေ။ ““ ဒီတာဝန်တွေကို သမီးမထမ်းချင်လို့မဟုတ်ဘူး ၊ သမီးကောင်းစားရင် အမေတို့လည်းကောင်းစားမယ် အမေ ”” လို့ပြောတော့ မျက်ရည်စနဲ့ ပြုံးရှာတယ်။ ““သမီးစိတ်ချမ်းတာ
ရင်ပြီးတာပဲ”” လို့ပြောတော့ကျွန်မငိုရသေး တယ်။ ဒါပေမယ့်လည်းခဏပါပဲ။ ချစ်တဲ့သူနဲ့ဆိုတော့ သူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ၊ ထမင်းရည်ပူ ဆားခပ်သောက်ရသောက်ရပေါ့။ တကယ်တမ်းကြတော့ဘ၀ကိုလက်တွေ့ ရင်ဆိုင်ရတဲ့
အခါ ထင်တလောက်မလွယ်သလိုပါပဲ။ ဟုတ်တိပတ်တိနဲ့ မြို့ကိုအလုပ်ဆိုပြီးသွားလိုက်တာ (၆)လလောက်ကြာတော့ ပြန်လာတယ်။ လက်ကတော့ ဗလာနထ္တိချည်းရယ်နဲ့လေ။ စိတ်တိုလိုက်တာမပြောပါနဲ့ေ တာ့။ ကျွန်မမှာချိုးခြံချွေတာနေ လို့
တော်ရဲ့။ နို့မို့ဆို ကြေးသံသရာထဲ ပတ်လက်ကိုမြောရော့မယ်။ ရွာရောက်တော့ ကိုယ်တော်ချောက တစ်ပြားမှတာမပါတာ
အသောက်အစားလေးက မပြတ်ချင်ဘူး။ ရွာထိပ်မသာအိမ်လည်း ဘယ်အချိန် ဘယ်လိုဘတ်မှန်းမသိလိုက်ရတဲ့  ပိုက်ဆံနဲ့
ဖဲလေးကရိုက်သေးရဲ့။ ရွာမှာမသာရှိရင် ဘယ်သူမှမပျော်ချင်နေ သူပဲအပျော်ဆုံး။ တစ်ခါတစ်လေ နိုင်လာတာလည်းရှိသလို မနိုင်တဲ့အကြိမ်ကခက်စိတ်စိ တ်ရယ်။ အမေ့ရှေ့မှတော့ ကျွန်မယောက်ျားအကြောင်း စကားဟဟမပြောဝံ့တာ ဒင်းမသိရှာဘူး။ ““ဒီလိုဆိုရင်တော့ ရွာမှာနေရင်စီးပွားဖြစ်မှာ မဟုတ်ဘူး မြီု့တက်ဈေးရောင်းသင့်ရော င်းမယ်””ဆိုပြီးတိုင်ပင်တော့ ““မင်းကောင်းသလိုလုပ်တဲ””့ ။ ကောင်းရော။
 ကံကောင်းချင်တော့ ကျွန်မဘကြီးက ““ မြို့မှာအလုပ်တစ်ခုရထားတယ် ညည်းတို့လင်မယားလိုက်ခဲ့ပါ လား ပြောပေးမယ် ”” လို့ပြောတော့ ပျော်လိုက်တဲ့ကျွန်မ။ အားကိုးတစ်ကြီး ယောက်ျားကိုကြည့်တော့ မင်းသွားရင်သွားမယ်ဆိုတဲ့
အကြည့်မျိုး။ ပြီးတော့ မင်းသဘောဆိုတဲ့ ပုံစံမျိုး။ အရေးထဲအရာပေါ်ဆိုသလို သူနဲ့ရတဲ့ ကိုယ်ဝန်ကို ဘယ်လိုကဘယ်လို

(၂)
(၇)လကျော်သွားမှန်း မသိလိုက်ဘူး။ နှစ်လနေတော့ မွေးတာပဲ။ ကျွန်မမှာ ကလေးရတာပျော်ရမလို ငိုရမလိုပါပဲ။ ၀မ်းနည်းရမလား ၊ ၀မ်းသာရမှာလား မိသိန်းကြည်ပေါ့။ သားယောက်ျားလေးဆိုတော့လည်း တစ်အားတက်တာပေါ့။ သူကတော့ ကလေးမွေးလည်းမတုန်မလှုပ်ပါပဲ။ အဲဒီအချိန်တုန်းကသူ့ကိုကို င်ဆွဲပြီးမေးချင်ခဲ့တာ ““ ရှင်မပျော်ဘူးလား ””လို့
သားလေးအခါလည်သားနဲ့ ဘကြီးဆီ ကျွန်မတို့ချီတက်ကြတာမှတ်မိသေးတယ်။ လမ်းစရိတ်မရှိလို့ မရှိမဲ့ရှိမဲ့ နားကပ်ကိုဖြုတ်ရောင်းခဲ့ရတာ အခုထိအမှတ်ရတုန်း။
 မရှိမဲ့ရှိမဲ့စုဆောင်းပြီး ၀ယ်ထားတဲ့ နားကပ်လေးမို့ အလွန်နှမြောတာပေါ့။ ဘာတတ်နိုင်မှာလဲ။ ဒီလိုပဲဖြေတွေးရတာပေါ့။ မြို့ကိုရောက်တော့ ဘကြီးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ ပြီး စိုက်ပျိုးရေးခြံကြီးထဲမှာ လျှောလျှောရှူရှူအလုပ်ရတာ ဘကြီးကြောင့်မို့။ သူ့ကြောင့်ဆိုရင် ကျွန်မတို့သားအမိဝမ်းဝမှာေ တာင်မဟုတ်ဘူး။ အဲဒီလို အလုပ်အတွက်ဇွဲရှိတဲ့ ယောက်ျားရယ်လေ။ ကံကောင်းထောက်မစွာနဲ့ အလုပ်ရှင်တွေက ကျွန်မတို့အပေါ်အလွန်ကောင်း ခဲ့ရော။ဒီအခါကျတော့လည်းအလု ပ်ပဲကြိုးစားလုပ်သလိုကိုယ် တော်ချောကအလိုက်သင့်မြောတတ်သား။ ကျွန်မမှာသူအလုပ်လုပ်လို့ေ ပျာ်နေလိုက်ရတာလေ မပြောပါနဲ့တော့။ အဲဒီအတောအတွင်း နောက်ထပ်သမီးနှစ်ယောက်တောင်မွေးလိုက်သေး။ သြော်...... ပြောရဦးမယ် မြို့ရောက်အလုပ်ဝင်ကတည်းက အရက်မသောက်တာ ကျွန်မကလေးနှစ်ယောက်ထပ်ရတဲ့ အချိန်ထိ ဆိုပါတော့။ ဒါပေမယ့်လည်းလေ ခွေးမြီးကောက် ကျည်တောက်စွပ်တယ်ဆိုတဲ့ စကား မှန်တယ်ဆိုတာ မကြာခင်မှာပဲ သိရတော့တယ်လေ။
 ကျွန်မသားလေး(၄)တန်းကိုရေᠠ??က်တော့ကျေးဇူးရှင်အလုပ်ရှᠠ??်တို့ ရုတ်တရက်ရန်ကုန်ကိုအခြေချေ ပြာင်းနေမယ်တဲ့။
ကြားခါစက မယုံဘူး။ ဒီခြံ ဒီဝန်းကို ကျွန်မတို့ကိုစိတ်ချလို့အပ်ထားခဲ့မယ်တဲ့။ ကောင်းကောင်းစောင့်ရှောက်ေ ပးပါလို့ သေသေချာချာမှာပြီးပြောင်းသွားကြရော။ အဲဒီမှာဇာတ်လမ်းစတာပဲ။ အရင်ကအရက်မသောက်သလိုနေခဲ့သူ(အလုပ်ရှင် ရှိတုန်း) အလုပ်အရမ်းကြိုးစားသူ ကြောင်သူတော်ကြီးက တစ်စခန်းထတော့တာပဲ။ ဖြစ်ချင်တော့ ခြံအနောက်ဖက်မှာအရက်ဖိုလေ။ ကဲ.....စဉ်းစားတာကြည့်တော့။ တစ်နေ့ တစ်စိတ်၊ တစ်ပိုင်း၊ ပြီးတစ်လုံးနဲ့ အလုပ်ကိုမလုပ်တော့တာ။ ဒီအရည်ကိုမသောက်နဲ့ပြောလည်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အသံဗြဲနဲ့ ရန်ဖြစ်ရုံပဲရှိခဲ့တယ်။
သားသမီးတွေရဲ့ရှေးရေးကိုစဥ်းစားရင် ရင်လေးစရာတွေချည်း။ ရှေးရေးကိုစဉ်းစားဦးပြောရ င် အချိန်တန်ရင် ပြည့်စုံလာလိမ့်မယ်တဲ့။ ဘယ်သူသင်ပေးတဲ့ စကားလုံးလည်းမသိဘူး။ သူ့ပါးစပ်ဖျားကတော့ ဒီစကားလုံးပဲရှိတယ်။
 ကျွန်မမှာ တစ်နေ့တစ်ဲခြား ကြီးမားလာတဲ့ အိမ်စရိတ်တွေကို ဟိုဟာလေးစိုက်လိုက် ဒီဟာလေးစိုက်လိုက်နဲ့ ရလိုက် စားလိုက် သုံးလိုက်နဲ့ အလျှင်မီအောင်တောင်မစုနိုင်ဘူး။တစ်ခါတစ်လေ စဉ်းစားမိတယ် ဘယ်ဘ၀က၀ဋ်ကြေးလဲလို့။ အခုထိပင်ပန်းတုန်း။ ဒါပေမယ့်လည်း သားသမီးတွေ ကြီးလာရင် အိုဇာတာတော့ကောင်းရချည်ရဲ့ လေလို့တွေးရင် အမောတွေပဲပြေလာသလိုလို။ ဒီလိုနဲ့ပဲ သူ့ကိုချော့တစ်ခါ ခြောက်တစ်လှည့် အပျော့ဆွဲလေးဆွဲပြီးပြောရင်လည်း ရသလိုလို မရသလိုလို။ လေပြည်အေးလေးတိုက်သလိုပါပဲ ။ သားသမီးတွေကလည်း ဘာဘဲလိုလို ဒီအမေမှ ဒီအမေ။ သူ့နားကပ်တယ်လို့မရှိဘဲ သူစိမ်းသရံလိုဖြစ်ဖြစ်သွား တာ ရင်ထဲတော့မကောင်းဘူး။ကျောင်းကပြန်လာရင် အရင်ဆုံးမေးတာ““အမေရှိလား” ”ကအရင်ဆုံး။သူကလည်းကြာလာလေ ပိုပိုသောက်လာလေလေပဲ။ ဘယ်လိုခံစားချက်တွေရှိမှန်း၊ ဘာတွေဖြစ်နေမှန်း၊ လင်မယားချင်းတောင် နားမလည်ချင်တော့ဘူး။ တဖြည်းဖြည်းနဲ့ စည်းဝိုင်းအပြင်ဖက်ရောက်နေ သူလို ဖြစ်မှန်းမသိဖြစ်နေခဲ့တာ ကျွန်မသတိမထားမိဘူး။ အိမ်ထဲကအိမ်ပြင်မထွက်တော့ ရပ်ကွက်ထဲကလူတွေက ကျွန်မကိုယောက်ျားမရှိဘူးေ တာင်ထင်လာကြတာ ဘယ်သူ့အလွန်လဲ။ ကြာတော့ ကျွန်မမှာလည်း ခံစားချက်တွေ ပြည်တည်နာလိုရင့်မှည့်လို့ နေတာ ဒင်းကမသိရှာဘူးထင်ပါ့။

 

(၃)
သားသမီးတွေက သူတို့အဖေခိုင်းတဲ့ အလုပ်တွေကိုတောင်အင်တင်တင် နဲ့ မလုပ်ပေးချင်ကြဘူး။ အဲဒါကြောင့် ဆုံးမရတယ်““ ဟဲ့...... သူစိမ်းတွေမဟုတ်ဘူး နင်တို့အဖေ ”” လို့။ အဲဒီခံစားချက်တွေကြောင့်ပဲ ထင်တယ် မူးလာရင်ရန်ရှာလာတော့တာပဲ။ စကားများရန်ဖြစ်တဲ့အခါ သားသမီးတွေက ကျွန်မဘက်ကချည်းရှိတာ မှားတယ်လို့ထင်လား။ အကြီးကောင်တောင် (၁၀)တန်းရောက်တော့ အိမ်မှာမနေချင်ဘူး အဆောင်မှာနေမယ်ဆိုပြီး ပူစာလာတော့ ခေါင်းတွေခဲလိုက်တာအရမ်းပါ ပဲ။ ““ ဘာဖြစ်လို့လဲ သား ”” လို့မေးတော့ ““ ဒီအတိုင်းဆို စာကျက်လို့မရလို့(၁၀)တန်းအေᠠ??င်မှာ မဟုတ်ဘူး ””တဲ့။ မဖြစ်ဖြစ်အောင်ထားလိုက်တယ် ။ ““သားသမီးတွေရဲ့ လိုအင်မှန်သမျှဖြည့်ဆည်းပေးတာကို အလိုလိုက်လွန်းရာကျမနေဘူးလား””ဆိုပြီး ကျွန်မကိုမူးလာတိုင်းရန်ရှာနေတာကို သားကြီးမသိရှာဘူး။ ရှေ့နောက်မကြည့်ဘဲ ပြောခဲ့မိတဲ့ ကျွန်မရဲ့ စကားတွေက သူ့ဘ၀ကို အရက်နွံထဲ မနှစ်နှစ်အောင် လုပ်မှန်းမသိ လုပ်ခဲ့မလေသလားလို့ တစ်ခါတစ်လေတွေးမိတယ်။ ““ ရှင် အလုပ်လေး ဘာလေးလုပ်ရင် သားသမီးတွေအဖို့ လုံလောက်ပြီးပြည့်စုံရင် ဒီစကားတွေကို မကြားရဘူး””လို့ပြောခဲ့တဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။
 လူကိုဖျက် အရက် ၊ ဓါးကိုဖျက် ၀ါးမြက် ဆိုတဲ့အတိုင်း အရက်ရဲ့ကျွန် ဖြစ်မှန်းမသိဖြစ်နေခဲ့တာ သူမသိဘူးလေ။
အခုဆို အရက်မသောက်ရသေးရင် လက်တွေတောင်တုန်လှိုက်လာပြီ ။ လူလည်း နံရိုးဆိုတာ ပတ္တလားတီးလို့ရနေပြီ။ သားကြီး(၁၀)တန်းအောင်တော့ အများနည်းတူ ဂုဏ်ပြုပွဲဆိုလား၊ ဘာလားလုပ်ချင်တယ်ပြောတော့ ကျွန်မဘယ်သူ့ကိုအားကိုးရပါ့ ။ အမျိုးထဲမှာလည်း (၄)တန်းဆိုရင်ကို ဂိတ်ဆုံးနေတာချည်းဆိုတော့ ဒီအဆင့်ထိရောက်လာတာ တို့အမျိုးထဲမှာရှိတယ်ဟေ့လို့ လက်မတော့ထောင်ချင်သေးတာပေါ့ ။ ဒါကို““၀””မရှိဘဲ““၀ိ””လုပ်ချင်တယ်၊ လူနေချုံကြား စိတ်နေဘုံဖျား လို့တစ်မျိုး၊သူဌေးလိုလို ခွေးလိုလို လို့ကတစ်သွယ် စကားနာသွပ်ထိုးနေတာ နားကွဲမတတ်ပဲ။ ကိုယ်သားအတွက် အဖေအနေနဲ့ မရရအောင်လုပ်ပေးမယ်မရှိဘူး ။ ““ရှင်မလုပ်ပေးချင်နေ ကျွန်မရအောင်လုပ်မယ်””ဆြို ပီး လုပ်လိုက်တာ သားကြီးမှာပြုံးလို့ ရွှင်လို့။ ဒီပွဲမှာလည်း နောက်ကွယ်က စိတ်ကြိုက်ကဲနေတာသူဘဲလေ။ တစ်ခြားမဟုတ်ဘူး အရက်အိုးထဲခေါင်းဆိုက်နေတာ ကိုပြောတာ။ လူလည်းအတွေ့မခံဘူး။ အဲဒါကြောင့်ပြောတာ အပယ်ခံလို့။ ကြာတော့လည်း လူမှုရေးလည်းမသိတော့ဘူး။ စိတ်တွေလေပြီး မှိုင်ကျသွားတာအခုထိ။
 ဒီလိုနဲ့ သားသမီးတွေအရွယ်ရောက်လာလို က်တာ သားကြီးက တက္ကသိုလ်နောက်ဆုံးနှစ်တောင်ရောက်သွားခဲ့ပြီ။ ကျွန်မတစ်ယောက်တည်း နေရေး၊ စားရေး၊ ၀တ်ရေးတွေ အားလုံးကို ရုန်းကန်ခဲ့ရတာများတော့ လောကဓံဆိုတာတောင်မမှုချင်တော့ဘူး။ သမီးနှစ်ယောက်ကလည်း မသုံးမကျပါဘူး။ အလတ်မက (၁၀)တန်းကို တဘုန်းဘုန်းနဲ့ ကျနေလိုက်တာ အငယ်မတောင်ဒီနှစ်ဆိုမှီပြီ ။ သားသမီးသုံးယောက်ရဲ့ ကျောင်းစရိတ်ဆိုတာကို တစ်ယောက်တည်း ရုန်းရတာ စဉ်းစားတာကြည့်တော့။
 ကြာတော့ အကြေးတွေလည်းတင်တဲ့အခါ တင်ပေါ့။ သူများတွေကပြောပါတယ်။ ကြေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်တဲ့။ အခုဟာက  ကြေးတင်လို့ထိုင်နေရင်းကျေ မသွားဘူး။ ကျွန်မကတော့ အကြေးကြောင့် ညညအိပ်မပျော်တာလည်းမနည်းတော့ပါဘူး။ ဒါကို သူလည်းမသိ၊ သားသမီးတွေလည်းမသိကြဘူးလေ။ စိတ်ဆိုတာပင်ပန်းလွန်းလို့ အိပ်ယာထဲဘုန်းဘုန်းလဲချင်ချင်ရယ်။ ကျွန်မဖျားရင် လုပ်မယ်သူမရှိလို့ သာမာန်နေထိုင်မကောင်း ခေါင်းကိုက်လို့ကတော့ ဆေးသောက်မေ့နေလိုက်တာလေ။ သူ့မှာလည်း အရက်ရဲ့တန်ခိုးတွေထင်တယ်။ ကိုယ်လက်မအီမသာ ဖြစ်တယ်ဆိုလား၊ ဒူလာဖြစ်ချင်တယ်ဆိုလား။ ဘာမှန်းမသိရတဲ့ ဝေဒနာတွေနဲ့ ဟိုနားဒီနားသွားရင်တောင် ခဏခဏနားပြီးသွားရတယ်။ သူကိုကုရမယ့် ဆေးကုသစရိတ်တွေကို စဉ်းစားရင်း မျက်လုံးတွေတောင်ပြူးပြူးချင်လာတယ်။

(၄)
ရှာရမယ့်စရိတ်ကလျှော့မသွား တဲ့အပြင် တိုးလို့လာနေတာကို ကြည့်ရင်း အလုပ်တွေနှစ်ဆတိုးလုပ်မိတဲ့  ဒဏ်တွေက တစ်ခါတစ်ခါဗွေဖောက်ချင်လာတ ယ်။ ဟိုနားကနာသလိုလို ဒီနားကနာသလိုလို။ ““ ဘုရား ဘုရား ငါလှဲလို့မဖြစ်ဘူး။ ငါလှဲရင် ဒီသားအဖတွေ ဘယ်လိုစခန်းသွားမလဲ ”” တွေးရင်း ဝေဒနာတွေကိုလည်း ကျိတ်မှိတ်ခံစားနေရတာ သူတို့မသိဘူး။ အပူဒဏ် အအေးဒဏ်တွေကိုလည်း မမှုခဲ့ဘူး။ဒါပေမယ့် အားတစ်ခုဆိုတာလည်း စကားတစ်ခွန်းနဲ့တင်ပြည့်တတ်တယ်လို့ပြောကြတယ် မဟုတ်လား။ အဲဒါက သားကြီးကပြောတယ် ““ အမေကျွန်တော် အလုပ်ရရင် အမေနားတော့၊ ကျွန်တော်ရှာကျွေးမယ် ”” ပြောတော့ လင့်လုပ်စာကိုထိုင်မစားခဲ့ ရတဲ့ ကျွန်မ သားရဲ့စကားနဲ့တင် တိတ်တခိုးမျက်ရည်ကျရသေးတယ် ။ ဒီလိုစကားတွေကိုပြောဖော်ရလို့ သားကိုလည်းကျေးဇူးတွေတင်မိ
သေးတယ်။ သမီးနှစ်ယောက်ကတော့ ဒီအတန်း ဒီလမ်းနဲ့ အခုထိဘာမှမသိသေးဘူး။ ဖြေတွေးရပါတယ်။ သူတို့တွေငယ်သေးလို့ပါလို့ လေ။
 သည်မိသားစု တက်ညီလက်ညီလုပ်စားရင် လူတန်းမစေ့ရင်တောင် စေ့ဌပါတယ်လို့တွေးမိပေမယ့် လည်း သားသမီးတွေကို ပညာအရင်စုံစေချင်တာက အဓိကဆိုတော့ ပင်ပင်ပန်းပန်းတွေမခိုင်းရ က်ဘူး။ မေတ္တာဆိုတာ အသွားနဲ့အပြန် ရောင်ပြန်ဟပ်တယ်ဆိုပေမယ့်လ ည်း အပြန်ဆိုတာမရှိရင်နေ သားသမီးတွေပြည့်စုံစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒလို့ကျွန်မထင်တာပဲ။ သူကတော့ မိဘရယ်လို့ရောတွေးမိရဲ့လား လို့ တွေးရင်း စိတ်မကောင်းတာရော၊ ရင်နာတာရော ဝေဒနာတွေရောပြန်းလို့။ သူအမြင်မှန်ရရင် သိပ်ကောင်းမှာပဲလို့ စဉ်းစးမိပေမယ့် ဖြစ်နိုင်ပါ့မလားရယ်လေ။
 တစ်ခါတစ်လေ သူ့ရဲ့သားသမီးတွေအပေါ် ချစ်တဲ့စိတ်လေးကို မြင်ချင်မိတာ ကျွန်မမမှားပါဘူးနော်။ ဖုန်းတဲ့သူကဘဲလုံလို့လား၊ ရှာတဲ့သူကဘဲ မျက်စိရှန်းလို့လားမသိဘူး အားလုံးနဲ့ သူစိမ်းပြင်ပြင်ကြီးပါဘဲ။ သားကြီးအလုပ်သွားလုပ်မယ်ြေ ပာတော့ မပြည့်စုံတဲ့မိသားစုကို ဟန်ချက်ညီညီထိန်းရအောင် လွှတ်တာလွှတ်ရတယ် စိတ်ကမအေးပါဘူး။ သူကတော့ ယောက်ျားလေးဘဲ ထောင်ကျကျ ပြားကျကျပေါ့တဲ့။ ကောင်းရော။ ဘယ်တူပါ့မလည်း ကျွန်မက ၀မ်းနဲ့လွယ်ပြီးမွေးခဲ့ရတော့ ပိုစိုးရိမ်တာပေါ့။ သားကြီးသွားခါနီးပြောသွားတ ယ်။““ အဖေရယ် အမေရယ် ကျွန်တော် တက်ညီလက်ညီနဲ့ တာရှေ့ဆက်သွားရင် သိပ်ကောင်းမှာဘဲ ”” တဲ့။ ““ သားပြောသလိုဖြစ်ရင် အမေက အတိုင်းထက်အလွန်ပေါ့ ”” လို့ စိတ်ထဲကပဲပြောလိုက်ရတယ်။ သွားတာတောင် သူ့အဖေကို နှုတ်ဆက်မသွားဘူး။
 အင်း...... တစ်ခုလပ်ဆိုရင်လည်း အားကိုးအားထားမရှိလို့ ကိုယ့်ဟာကိုရှာစားလို့ရတယ် ။ ကျွန်မမှာတော့ ယောက်ျားတော့ ရှိပါရဲ့။ တစ်ခုလပ်၊ မုဆိုးမ ဘ၀တွေနဲ့ ထူးမခြားနားတဲ့ ကျွန်မဘ၀က လင်ကုန်ရှုံးတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဆိုတာ အိမ်ဦးနတ်ဖြစ်တဲ့ ယောက်ျားသားတွေကတာများတာပါ ။ ဒူးနဲ့မျက်ရည်မသုတ်ခဲ့ရပေမ ယ့်လည်း ကျွန်မခေါင်းဦးမှာတော့ မျက်ရည်တွေ စိုသလှည့် ခြောက်သလှည့်ရယ်နဲ့လေ။ မိန်းမသားတန်မယ့် ပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေများတော့ ချိုမြိန်တဲ့နေ့လေးတွေရဲ့ အရသာကိုလည်းခံစားချင်သေးတာ ပေါ့။ မုန်တိုင်းပြီးရင် သာယာတဲ့နေခြည်တွေ လင်းလဲ့ဦးမယ်ဆိုရင်လည်း ဒီဘ၀မှာပဲ မြင်ချင်ပါသေးတယ်။ ယောက်ျားရှိရက်နဲ့ တစ်ခုလပ်လို၊ မုဆိုးမလို နေနေရတဲ့ဘ၀ကို နောင်ဘ၀မှာမရပါစေနဲ့လို့ ဘုရားမှာ ဆန္ဒပြုဆုတောင်းရမှာပဲ။ ဟုတ်တယ်နော် ။ ယောက်ျားသေသွားရင် မုဆိုးမ၊ ယောက်ျားပြစ်သွားရင် တစ်ခုလပ်။ ကျွန်မက ယောက်ျားလည်းမသေသေးဘူး၊ ပြစ်လည်းပြစ်မသွားသေးဘူး၊ အရှင်လတ်လတ်ကြီးရှိသေးတယ်ဆိုတော့ ဘယ်လိုခေါ်ရပါ့မလဲ။ အင်း....... လင်ရှိမုဆိုးမပေါ့။ ဟုတ်တယ်........ လင်ရှိမုဆိုးမ။

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...