Friday, January 13, 2012
ကွန်ပျူတာ နည်းပညာဆိုင်ရာ Link များ
This summary is not available. Please
click here to view the post.
သားအဖ နှစ်ယောက်၏ ရင်နာစရာကောင်းသော… တွေ့ ဆုံမှု
( ကျေးဇူးတင်လွှာ )
DROWNING RUTH ( သို့ မဟုတ်) ဆောင်းညရှိုက်သံ စာအုပ်နှင့် ပသက်သက်သော ဆောင်းပါး (၃)ပုဒ်
ရေးခွင့်ပြုခဲ့သူ မြန်မာဘာသာပြန် စာရေးဆ၇ာမ ၀င့်ပြုံးမြင့် အား ကျေးဇူးတင်ပါသည်။
ကျွန်တော်..ခံစား ရေးသားခဲ့သော ဆောင်းပါးများကို တင်ပြခွင့်ပြုခဲ့သော… www.mandalaygazett.com ၏
အယ်ဒီတာ ဦးခိုင် နှင့် ကျွန်တော် ရေးသမျှကို ဖတ်ရှု / ခံစား / ဝေဖန်ပေးကြသော ရွာသူ ရွာသားများ..၊ စာဖတ်သူများ အားလုံ့းကို လည်း ကျေးဇူး
တင်ရှိပါသည်။
တင်ရှိပါသည်။
ကျွန်တော့်ကို မူရင်းစာအုပ် ပေးဖတ်ခဲ့သော ကျွန်တော့် စာပေမိတ်ဆွေ နှင့် ကျွန်တော် လိုအပ်သော အချက်အလက်များကို ကူညီပေးသော
မိတ်ဆွေများ အားလုံးကိုလည်းကျေးဇူးတင်ပါသည် ။
ကျွန်တော့် ပို့ စ် ( အားလုံးဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ့့်http://mandalaygazette.com/87208/arts-humanities) ကို
သတင်းစာ တွင် ပုံနှိပ် ဖော်ပြပေးသော ဆ၇ာ ခိုင် ကို လည်း
ကျေးဇူး များစွာ..တင်ပါကြောင်း…….။
_________________________________________________________
ကျေးဇူး များစွာ..တင်ပါကြောင်း…….။
_________________________________________________________
သို့ သော်…အေမန်ဒါ၏ ဂုဏ်သိက္ခာ အရ..ထိုကလေးကို ညီမ မက်တီက ( မက်တီ၏ သမီး အဖြစ် ) မွေးစားမည်။
အေမန်ဒါသည်.သမီး.ကလေး၏ အမေ အဖြစ် မခံယူ ရ။
ထိုည က ကလေးကို မွေးပြီးသောအခါ… သမီးကလေး ၏ မျက်နှာကို မြင်လိုက်ရရုံဖြင့် အေမန်ဒါ့  စိတ်များ ..ပြောင်းလဲ.သွားပါသည်။
ကလေးကို ဘယ်သူ့ ကို မှ မပေးနိုင်ဘူး။ ဒါ…ကိုယ် ပိုင်တဲ့ ကိုယ့်သမီးကလေး….။
အဲဒီနောက်….မွေးကာစ သမီးကလေးကို ချီပြီး..ညမှောင်မှောင်ထဲ..ထွက်ပြေးတော့သည်။ ပြေး မည်။ အေမန်ဒါ့ အကြောင်း မသိနိုင်သော အဝေးတစ်နေရာဆီ
…… ………………. ……….. …….. ပြေးမည်။
သို့ သော်…အေမန်ဒါ ထွက်ပြေးတာကို မက်တီ နှင့် ရုသ် တို့  သားအမိ က တွေ့သွားပြီး..ပြေးလိုက်ပါသည်။
မသွား ဖို့ တား..သည်။ မရ ။ အေမန်ဒါ ..ပြေးသည်။ မက်တီ တို့ သားအမိ ပြေး၍လိုက်သည်။
ထိုအချိန်မှာပင်….. ( ခဲနေသော ရေခဲပြင် / အရည်ပျော်သွားသော ) ရေထဲသို့ …မက်တီနှင့် ရုသ် တို့  နစ်..သွား ..သည်။
အေမန်ဒါ အပြေးရပ်ပြီး…( မွေးကာစ သမီးကလေးကို ရေခဲပြင်ပေါ် ချ..ပြိး ) ညီမ နှင့် တူမလေးကို ကယ် ပါသည်။
ရုသ် ကို အရင် ဆုံး ကယ်လိုက်နိုင်သည်။
ရုသ်ကို ပွေ့ ထားရင်း…….၊
ရေခဲ အရည်ပျော်တွင်းဝမှာ…မှောက်လျက်သားဖြင့်…မက်တီ့ကို ဆွဲယူနေရင်း…..၊
အေမန်ဒါ့ ရင်ဘတ်အောက်မှ..ရေခဲပြင်က ပဲ့ထွက် အရည်ပျော်လိုက်လာရင်း…………. ………………..
ဤအတိုင်းသာ ဆက်သွားနေလျှင်… အေမန်ဒါရော..၊ မက်တီရာ..ပြီးတော့ ရုသ်ရော…. ၊
လုံးထွေးကာ..ရေ နစ် သေကုန်ကြတော့မည် ။ သူတို့ အားလုံး နစ်သွားလျှင် ရေခဲပြင်ပေါ်…ချထားသော မွေးကာစ ကလေးလေး လည်း သေမည်။
အားလုံး သေကုန်မည်။ ဒါကို မက်တီက တွေးမိသည်။ ထို့ ကြောင့်…
သူမ ကို မလွှတ်တမ်း ဆွဲတင်နေသော အစ်မ၏ လက်ကို ကိုက်ဆွဲ ပစ်လိုက်တော့သည်။ ထိုအခါ….အေမန်ဒါ့လက်ထဲမှ…မက်တီ လွတ်ထွက်သွာားပါတော့သည်။
အားလုံး အားလုံး ထံ မှ…. မက်တီ လွတ်..သွားပါတော့သည်။
_______________________________
မက်တီ နစ်မြုပ်သွားသော အခါ…. အေမန်ဒါသည် ဆောက်တည်ရာ မရ ။
အေးခဲနေသော ကလေး နှစ်ယောက်ကို ရင်ခွင် ထဲ ပွေ့ ပိုက်ရင်း……..
ညီမလေးးးးးးးးးးးရေ…………………………… ဟု ရင်ကွဲမတတ်….
မျက်ရည်များဖြင့်….အော် …ဟစ်….ငို …..ကြွေး..းးးးးးးးးးးးးးးးးးးးးးးးးးးး
___________________________________
ထိုညက မွေးကာစ သမိးကလေးကို အေမန်ဒါ စွန့် လွတ်လိုက်ရသည်။
မိတ်ဆွေ ( မေရီ တို့ ) လင်မယား ထံ ကလေးကို မပေးမီ…. သမီးကလေးကို အင်မိုဂျင်း ..ဟု ခေါ်တွင်စေခဲ့ ပါသည်။
ထို့ နောက်…….. တူမလေးရုသ်ကို တစ်သက်လုံး ပြုစု ပျိုးထောင်လာခဲ့ပြီ….။
__________________________________________
__________________________________________
အင်မိုဂျင်းနှင့် တူမလေး ရုသ် တို့  ကျောင်းနေဘက် သူငယ်ချင်းများအဖြစ် ပက်သက်မိသွားသည်။
ထိုအခါ အေမန်ဒါသည်…သမီးရင်းကို တူမ၏ သူငယ်ချင်းမလေးအဖြစ် တွယ်တာခွင့်ရသွားပါသည်။
အင်မိုဂျင်း အပျိုပေါက်အရွယ်တွင်… ကလီမင့်အိုဝင်တို့မိသားစု ထံမှာ…
လက်နှိပ့်စက် စာရေးမလေးအဖြစ်… အလုပ်ဝင်လိုက်ရသောအခါ…… အဖေရင်းနှင့်ငသမီး.ပြန်ဆုံတွေ့ သည်။
သို့ သော်..အဖေရင်းမှန်းမသိ ။ ကလီမင့်ကလည်း သမီးမှန်းမသိပဲ…. အရောင်များစွန်း ထင်းသော ဆက်ဆံရေးဖြင့်
ဆက်ဆံမိတော့သည်။
ကလီမင့်က အင်မိုဂျင်း၏ နုပျို လှပသော တတ်သစ်စ အလှ ခန္မာကိုယ် ကိုတပ်မက်သောအကြည့်များဖြင့် ကြည့် သည်။
ကလီမင့်၏ အကြည့်ကို သဘောပေါက်သွားသော ( သမီးရင်းနှင့် ကလီမင့်တို့ က်ု စိုးရိမ်စိတ်များဖြင့် ချောင်မြေင်းစောင့်ကြည့်နေသော )
အေမန်ဒါက အလွန် တုန်လှုပ်သွားပါသည်။
သမီးနဲ့ အဖေ..ဒါမျိုး ဖြစ်ကို မဖြစ်စေ၇ဘူး…။
ထို့ နောက်…….အေမန်ဒါ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
___________________________________________________________
___________________________________________________________
ပြန်လည် မျက်နှာချင်း မဆိုင်ချင်သော်လည်း ကလီမင့် ကိုအေမန်ဒါ သွားတွေ့ သည်။
ချောင်းထဲမှာ ရေကူးနေသော..ကလီမင့်ဆီ အေမန်ဒါ …လှေလှော်ပြီးသွားခဲ့ သည်။
လှေပေါ်..ခေါ်တင်ပြီး..လူသူ ကင်းရှင်းရာ….ဆီ….ချောင်းရိုးအတိုင်းသွားကြသည်။
ထို့ နောက်..လှေပေါ်မှာ အေမန်ဒါ…..
ေ၇ထဲ ဆင်းလိုက်သော ကလီမင့်အိုဝင်……… ။
အေမန်ဒါက လှေပေါ်မှနေ၍ အင်မိုဂျင်းနှင့် ကလီမင့် ဆက်ဆံရေးကို မေးသည် ။ ထိုမေးခွန်းများကို ကလီမင့်က
ရမ္မက်များဖြင့် ဖြေပါသည်။
“” ခုခေတ် မိန်းကလေးငယ် ငယ် ကလေးတွေက ငါ့လို အသက်အရွယ်ကိုလည်း
ပြန်ကြိုက်ပြီး လက်ခံနိုင်မှာပါပဲ ။ အင်မိုဂျင်း ငါ့ကို ပြန်ကြိုက်မှာပါ…. ..။ “”
အဲသည် စကားကို ကြားသောအခါ..အေမန်ဒါသည် အံသြမှုများ .. ၊ ဒေါသများ…၊ တုန်လှုပ်မှုများကြောင့် ..သွေးဆူသွားသည်။
ဒါ……. ဖြစ်မှ မဖြစ်သင့်တာ…။ ဖြေင့် ကလီမင့်၏ ကျောပြင်ကြီးကို တိုက်ချပြိး သတ်ပစ် လိုက်ချင်လာသည် ။
သို့ သော်…တကယ်တမ်း လုပ်ဖြစ်သွားတာက…..
လှေပေါ် မတ်တတ်ရပ်ပြီး…. ( အကြီးအကျယ် စိတ်လှုပ်ရှားစွာ..၊ ဒေါသ ပြင်းထန်စွာ ..) အော်ပစ်လိုက်သည်။
“”" အဲဒါ..ရှင့် သမီး..။ အင်မိုဂျင်းဟာ ရှင်…တာဝန်မယူခဲ့တဲ့ သမီး ..၊ ရင်နဲ့  ကျွန်မရဲ့ သမီးပဲ……..။”"‘”
…………………………………………………………………….
အော်ဟစ်ရင်း…မျက်ရည်များ…ကျ… ၊ ဘာကိုမှ မမြင်နိုင်….၊ စိတ်လှုပ်ရှားစွာ…လှေကို ကြုံး…လှော်..၊
ပြေး…ထွက်…ခဲ့…………..။
ရေထဲမှာ ကလီမင့်အိုဝ် ကျန်ရစ်ခဲ့သည်။ ..အေမန်ဒါ့ စကားကို ကြားပြီး..ကလိမင့် ကျန်ရစ်ခဲ့ပါသည်။
တုန်လှုပ်မှုများ .၊ အံ့သြမှုများ .၊ စိတ်လှုပ်၇ှားမှုများ.၊ရှက်ရွံ့ နာကျင်မှုများ….ဖြင့်..
ကလီမင့်အိုဝင်………ရေထဲမှာ….
ရေ….ထဲ….မှာ…..
_________________________________________
အေမန်ဒါ့လှေထဲမှာ..ကလီမင့်အိုဝင်၏ (သွားလေရာ ယူသွားရသော ) နှလုံးေ၇ာဂါ ဆိုင်ရာ ဆေးဘူးကလေးက
ပါ လာသည်။
__________________________________________________
__________________________________________________
နောက်ရက်များတွင်….
ကလီမင့်အိုဝင်၏ အလောင်းကောင်ကို ချောင်းရေများ..ထဲမှာ..ပြန်တွေ့ ကြသည်။
_____________________________________
_____________________________________
သမီးရင်း ကို စိတ်ဖြင့် ၊ စကားများဖြင့် ပြစ်မှားမိခဲ့သော ကလီမင့်အိုဝင်..
အဖြစ်မှန်ကို ဗြုန်းစားကြီး သိလိုက်ရသောအခါ…နောင်တ များဖြင့် နာကျင်သွားပါလိမ့်မည်။
ရေကူးကျွမ်းကျင်သော..ကလီမင့်…ဘာကြောင့် ရေထဲမှာ သေသွားသလဲ…
အဲဒီနေ၇ာမှာပဲ…ဘာလို့  နစ်သွားသလဲ….
အမှားကြီးကြီး မှားခဲ့သောကြောင့် ကိုယ့်ကိုယ် ကို အပြစိပေးလိုက်တာများလား…
ဖြစ်နိုင်ပါသည်။ ဒါဖြင့် အဲဒီ အပြစ်ပေးမှုက သမီးကို ပြစ်မှားမိသော ယောကျာ်းတစ်ယောက် အတွက် ထိုက်တန်ပြီလား..။ ကျေပြီလား….။
___________________________________________________________
___________________________________________________________
ဆောင်းညရှိုက်သံ စာအုပ်ထဲမှာ ကိုယ့်ကိုယ်ကို ကိုယ်တိုင်ပြန်၍ ဆွဲ နှစ်ခဲ့သော…လူသားများကို တွေ့ ရပါသည်။
မက်တီ….. ၊ ကလီမင့်အိုဝင် ..၊ အေမန်ဒါ… ၊ ရုသ် …တို့သည် ကိုယ့်ကိုယ်ကို ပြန်နှစ်ခဲ့သူများ ဖြစ်သည်။
.( အေမန်ဒါကတော့ ရေထဲ ဆွဲနှစ်ခဲတာမဟုတ်ပဲ..ဒုက္ခဆိုးများထဲ..ကိုယ့်ကိုယ် ကို ဆွဲနှစ်.ခဲ့ ပါသည်။ )
ကျွန်တော်တို့ ကရော….
ဘယ်အရာတွေထဲကို မိမိကိုယ် မိမိ ဆွဲ နှစ်ချ နေပါသလဲ…။
ကျွန်တော်တို့ အားလုံးသည် ကိုယ့်ကိုယ် ကို ကိုယ်တိုင်ပြန်၍ ဆွဲနှစ်သော ဖြစ်ရပ်များ မဖြစ်အောင် သတိရှိဖို့  လိုအပ်ပါလိမ့်မည်။
_________________________________________________
ဝင့်ပြုံးမြင့် မြန်မာပြန်ထားသော ဆောင်းညရှိုက်သံသည်…ကျွန်တော့်ကို ခံစားချက်များစွာ..၊
အတွေးများစွာ…………….
ရသ များစွာ………………….
များစွာ..များစွာ…ပေးစွမ်းခဲ့ပါသည်။
စာချစ်သူများလည်း ဆောင်းညရှိုက်သံစာအုပ်ထဲမှ ရသများကို ခံစားနိုင်စေရန်….ဝေမျှ တင်ပြခဲ့ပါသည်။
အားလုံးဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်
စာအုပ်ကောင်း တစ်အုပ်မို့ ညွှန်းတာပါ။
(အလင်းဆက်၏ယုံကြည်ချက်)
ဘာသာပြန် စာပေသည် မြန်မာ့ စာပေလောက နှင့် ကမ္ဘာ့ စာပေလောကတို့ ကို ဆက်သွယ်ပေးသော တံတားတစ်စင်း..ဟု
ကန် စာရေးဆ၇ာမ CHIRSTINA SCHWARZ
မူရင်း စာအုပ်အမည် … .. DROWNING RUTH
( CHRISTINA SCHWARZ ၏ ပွဲဦးထွက် လက်ရာ…. ရသ ၀တ္ထုကောင်းတစ်အုပ်ဖြစ်သည်။ ထို့အပြင်…သက္ကရာဇ် 2000 ၏
အရောင်းရဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါသည်။
—————————————————————————————————–
မြန်ာပြန် မှတ်တမ်း…
မြန်မာဘာသာပြန်သူ…. ၀င့်ပြုံးမြင့်
မြန်မာပြန်စာအုပ်အမည် … ဆောင်းညရှိုက်သံ
စာမျက်နှာ 341 မျက်နှာ
စာအုပ်အရွယ်အစား … 14 × 21 ဆိုဒ်
မျက်နှာဖုံး GRAPHIC DESIGN ဖန်တီးသူ….. …. KYAW MINN MOUNG
ထုတ်ဝေခြင်း… ပထမအက်ြမ် ၊ နိုဝင်ဘာလ ။ 2011 ။
ထုတ်ဝေသည့် စာအုပ်တိုက် … မျက်ပွင့် စာပေတိုက်
—————————————————————————————————-
(မျက်နှာဖုံးခံစားချက်)
—————————————————————————————————–
မြန်ာပြန် မှတ်တမ်း…
မြန်မာဘာသာပြန်သူ…. ၀င့်ပြုံးမြင့်
မြန်မာပြန်စာအုပ်အမည် … ဆောင်းညရှိုက်သံ
စာမျက်နှာ 341 မျက်နှာ
စာအုပ်အရွယ်အစား … 14 × 21 ဆိုဒ်
မျက်နှာဖုံး GRAPHIC DESIGN ဖန်တီးသူ….. …. KYAW MINN MOUNG
ထုတ်ဝေခြင်း… ပထမအက်ြမ် ၊ နိုဝင်ဘာလ ။ 2011 ။
ထုတ်ဝေသည့် စာအုပ်တိုက် … မျက်ပွင့် စာပေတိုက်
—————————————————————————————————-
(မျက်နှာဖုံးခံစားချက်)
ဒီဇိုင်း ဖန်တီးသူ ကျော်မင်းမောင် ဖြစ်ပါသည်။
အက်ကွဲနေသော ရေခဲပြင်ကြီးပေါ်မှ…နှင်းဆီ နီ နှစ်ပွင့် ။
နှင်းဆီ သည် နှင်းဆီ ပီသစွာ..ရဲရဲနီလျက်။
သို့ သော်….ထူးခြားသည်က… နှင်းဆီသည် နစ်ပွင့်ပေါင်း မှ..ရိုးတံ တစ်ခုတည်း….။
ထို့ပြင် နှင်းဆီ တို့ ၏ လက်နက် ဖြစ်သော….ဆူး များ မပါရှိခြင်း။
စာအုပ်ကို ဖတ်မိမှ နှင်းဆီနှီ နှစ်ပွင့်သည်..ညီအစ်မ နှစ်ယောက်ကို ကိုယ်စားပြုကြောင်း…သိရသည်။
သံယောဇဉ် ကြီးသော… ညီအစ်မ နှစ်ယောက်၏ နှစ်ယောက် တစ်ဘ၀ ဖြစ်တည်မှုကို
ရိုးတံ တစ်ခုတည်းဖြင့် ဖန်တီးပြထားကာ ညီအစ်မ နှစ်ယောက်၏ ဘ၀ ၊ မျှော်လင့်ချက်..၊ ငြိမ်းချမ်းသာယာမှုများ
ပျက်စီးဆုံးရှုံးရခြင်းကို အက် ကွဲနေသော ရေခဲပြင် အဖြစ် တွေ့ ရသည်။
သူတို့ တွင် ခုခံ ဖို့  အင် အား မ ရှိ ကြောင်းကို နှင်းဆီ၏ ရိုးတံပေါ်.ဆူးများ မပါရှိခြင်း ဖြင့် ဖော်ပြထားပါသည်။
———————————————————————————-
(ဇာတ်လမ်းအကျဉ်း)
———————————————————————————-
(ဇာတ်လမ်းအကျဉ်း)
စိတ်နေစိတ်ထားနှင့်  စရိုက်သဘာဝ ထူးခြားသော အစ်မ ဖြစ်သူ သူနာပြုဆရာမကလေး အေမန်ဒါ…
အေမန်ဒါ ၏ ညီမဖြစ်သူ မက်တီ…
အေမန်ဒါသည် အဓိက ဇာတ်ကောင် ဖြစ်သည်။
မက်တီကမူ အလွဲလွဲအချော်ချော် ပြုမူတတ်သူကလေး။ (သို့ သော် အစ်မ အေမန်ဒါကိုတော့ အသက်ပေးချစ်ခဲ့သူ)
တစ်ဦးကိုတစ်ဦး မြတ်နိုးတွယ်တာကြသော ညီအစ်မနှစ်ဦးအနက်မှ
ညီမ ဖြစ်သူ မက်တီသည် ကားလ် နှင့် အိမ်ထောင်ကျသွားပြီး ရုသ်ဆိုသော
သမီးကလေးကို မွေးဖွားသည်။
အေမန်ဒါသည် မြို့ပေါ်တွင် သူနာပြုတာဝန် ထမ်းဆောင်ရင်း ကလီမင့်အိုဝင် ဆိုသော အိမ်ထောင်ရှိ အမျိုးသားတစ်ဦး၏ လှည့်စားမှု ကို ခံလိုက်ရသည်။
ရလဒ်မှာ ကလီမင့် တာဝန် မယူနိုင်သော ကိုယ်ဝန်။
ရလဒ်မှာ ကလီမင့် တာဝန် မယူနိုင်သော ကိုယ်ဝန်။
ကလီမင့်ကို အမှန်တကယ် ယုံစားပြီး ချစ်ခဲ့မိသော အေမန်ဒါအတွက် ကိုယ်ဝန်ကို အဖေအမည် ဖော်ခွင့်မရခဲ့။
ထို့ ကြောင့် ညီမ မက်တီနှင့် တူမလေး ရုသ်တို့ ကို အဖော်ပြုပြီး…(.ရေခဲ.) ကျွန်းကလေးပေါ်မှ အိမ်ကလေးမှာ..
တိတ်တိတ်ကလေးပုန်း၍ ကလေး မွေးရသည်။
( ထိုအချိန်တွင် မက်တီ့ခင်ပွန်း ကားလ်သည် စစ်မြေပြင်ကိုရောက်နေသည်။)
ထိုကျွန်းကလေးသည် ရေခဲတတ်သော ( ရေခဲများ အရည်ပျော်တတ်သော..) ရေပြင် အလယ်မှာရှိသည်.။
အေမန်ဒါ၏ ကိုယ်ဝန်ကို မွေးဖွားသော ညသည် အေမန်ဒါ၏ ညီမ မက်တီ ရေ နစ် သေ သောညဖြစ်သည်.။
ရုသ်၏ အမေ မက်တီ..ရေနစ်သေ..သွားသော ည ….။
မက်တီ ဘာကြောင့် ရေနစ်..သေ သလဲ..။ ဤသည်မှာ အရေးကြီးသော..လျှို့ ဝှက်ချက် ဖြစ်၏။
အလွန် ရင်နာစရာကောင်းသော..ထို ဆောင်းတစ်ညတွင် .. ညီမ ဖြစ်သူ မက်တီကို ရေခဲ..အရည်ပျော်..ရေများထဲ
အလောင်းကောင်အတိုင်းထားခဲ့ရပြီး… အေမန်ဒါသည်… မွေးကာစ သမီးကလေးနှင့် တူမကလေး ရုသ်တို့ကို
ခေါ်ကာ ပြေးထွက် ခဲ့ရသည်။
ထို ည မှာပင်…. အေမန်ဒါ ၏ ဖခင်မဲ့သော သမိးကလေးကို အေမန်ဒါ၏ မိတ်ဆွေဇနီးမောင်နှံထံ အပ်နှံခဲ့ရသည်။
မွေးကာစ သမီးကလေးကို အေမန်ဒါက အင်မိုဂျင်း….ဟု အမည်ပေးစေခဲ့ပြိး စွန့်လွှတ်ခဲ့ရသည်။
သမီးရင်းကို တစ်ပါးသူ လက်ထဲထည့်ပြိး …ညီမ ဖြစ်သူ၏ သမီး..( တူမလေး ရုသ်) ကို တစ်သက်လုံးစောင့်ရှောက်လာခဲ့တော့သည်။
ရုသ်နှင့် အင်မိုဂျင်း တို့  ကျောင်းနေဘက်သူငယ်ချင်းများအဖြစ် ပတ်သက်မိသွားသည်။
အင်မိုဂျင်း အပျိုပေါက်စ အရွယ်တွင် ကလီမင့်အိုဝင်မိသားစုထံ၌ လက်နှိပ်စက်စာရေးမလေးအဖြစ် အလုပ်ရ သွားသောအခါ….
သားအဖနှစ်ယောက်၏ ပြန်လည်တွေ့ဆုံမှုသည် အလွန် နာကျင်စရာကောင်းပါသည်။
အဖေ သည် သမီးကို သမိးမှန်း မသိပဲ……..။ ။
မဖြစ်သင့်တာများ မဖြစ်ရအောင်..အေမန်ဒါက ကြားဝင် လှုပ်ရှားလိုက်သည်မှာ..အသေအကျေ…။
************
ဇာတ်သိမ်းသည်.. ထူးခြားသော .၊ ထင်မထားသော အလှည့်အပြောင်းများကြောင့် အသက်ရှုဖို့ ပင်.
မေ့သွားစေလောက်အောင် ရ သ မြောက် ပါသည်။ ။
_____________________________________________________
_____________________________________________________
( ဇာတ်လမ်း တင်ပြပုံ )
တင်ပြပုံ အနည်းငယ်မော်ဒန်ဆန်ပါသည်။ အဓိကဇာတ်ကောင်..အေမန်ဒါ ၏နေရာမှ..အတိတ် ဖြစ်စဉ်များကို ဖော်ပြသည်။
ရုသ်..၊ ကားလ် ..စသော..အခြား ဇာတ်ကောင်များနေရာမှ ပစ္စုပ္ပန် ကာလကို တင်ပြသည်။
အတိတ်နှင့် ပစ္စုပ္ပန် ကို တလှည့်စီ တင်ပြသောအခါ…… ဆန်းသစ်သော ရသ ကို ပေးစွမ်းပါသည်။
_____________________________________________________________
( မြန်မာ ဘာသာ ပြန်သူ ၏ ဘာသာပြန်ပုံ ထူးခြားချက် )
မြန်မာဘာသာပြန်သူ ၀င့်ပြုံးမြင့် သည်… ဘာသာပြန် စာရေးဆရာမ တစ်ယောက်၏ နေရာ ( ကဏ္ဍ ) ကို
သတိပြုမိအောင် ပညာ ပြ ထားပါသည်။
ဘာသာပြန်သူသည် အနုပညာနှင့် အတတ်ပညာကို စနစ်တကျ..ထုတ်သုံးထားသည် ဟုဝေဖန်ချင်ပါသည်။
ကျစ်လျစ်ပြေပြစ်သော ၊ ထူးခြားဆန်းသစ်သော ဘာသာပြန် ၀ါကျများကို စာမျက်နှာတိုင်းတွင်တွေ့ရသည်။
ထူးခြားသော ဘာသာပြန်ပုံဟု ကျွန်တော်ယူဆထားသော ၀ါကျအချို့ကို ထုတ်နှုတ်ပြချင်ပါသည်။
ထူခြားသော ၀ါကျများမှာ အလွန်များသောကြောင့် အနည်းငယ်သာ တင်ပြပါတော့မည်။
__________________________________________________________________
မူရင်းဝါကျ….၁။ WHEN SPRING BLUSTER ITS WAY THROUGH A CHINK IN WINTER , WHEN THE SKY WAS A SOFT BLUE AND WATER
RUSHED THROUGH DITCHES .
မြန်မာပြန်ဝါကျ … ရာသီနွေဦးသည် အချမ်းလ သမယ၏ အက်ရာကလေးထဲမှ ခြိမ်းခြောက် ဟိန်းဟောက်၍ ၀င်ရောက်လာသည်။ ကောင်းကင်သည် ပြာလွင်နုလျက်..။
ချောင်းငယ်မြောင်းငယ်လေးများ.ရေတသွင်သွင်စီးကြပြီ။
မူရင်းဝါကျ….၁။ WHEN SPRING BLUSTER ITS WAY THROUGH A CHINK IN WINTER , WHEN THE SKY WAS A SOFT BLUE AND WATER
RUSHED THROUGH DITCHES .
မြန်မာပြန်ဝါကျ … ရာသီနွေဦးသည် အချမ်းလ သမယ၏ အက်ရာကလေးထဲမှ ခြိမ်းခြောက် ဟိန်းဟောက်၍ ၀င်ရောက်လာသည်။ ကောင်းကင်သည် ပြာလွင်နုလျက်..။
ချောင်းငယ်မြောင်းငယ်လေးများ.ရေတသွင်သွင်စီးကြပြီ။
မူရင်းဝါကျ ၂။ HE WAS GOOD – LOOKING , I’LL GIVE HIM THAT . HE HAD A FINED-BONE BOYISH FACE , AN EASY . SWINGING GAIT
AND BROWN HAIR THAT FELL INTO HIS EYES- THE KIND OF LOOKS A GIRL CAN MAKE A LOT OF , IF SHE’S SO INCLINED .
AND BROWN HAIR THAT FELL INTO HIS EYES- THE KIND OF LOOKS A GIRL CAN MAKE A LOT OF , IF SHE’S SO INCLINED .
မြန်မာပြန်ဝါကျ…. ကားလ်သည် ရုပ်ဖြောင့်သည်။ ကားလ်နှင့်ပက်သက်၍ ထိုကိစ္စကိုတော့ ကျွန်မပြောနိုင်သည်။ ကားလ်သည် အရိုးအချင်ပြေပြစ်သည်။
မျက်နှာ နုသည် ။ ကိုယ်ဟန်နွဲ့နွဲ့နှင့် ဆံပင်ညိုများ မျက်လုံးပေါ် ၀ဲနေသည်။ သူ့ ကိုကြွေသော မိန်းကလေးတစ်ယောက်အနေနှင့်
အဓိပ္ပါယ်မျိုးစုံ ဖွင့်နိုင်သော ရူပကာကို ပိုင်ဆိုင်ထားသည်။
မျက်နှာ နုသည် ။ ကိုယ်ဟန်နွဲ့နွဲ့နှင့် ဆံပင်ညိုများ မျက်လုံးပေါ် ၀ဲနေသည်။ သူ့ ကိုကြွေသော မိန်းကလေးတစ်ယောက်အနေနှင့်
အဓိပ္ပါယ်မျိုးစုံ ဖွင့်နိုင်သော ရူပကာကို ပိုင်ဆိုင်ထားသည်။
မူရင်းဝါကျ ၃။ WHILE THE ICE , WHINING AND SIGHING, GAVE UP ITS BED , UNTIL THE BRIGHT MORNING WHEN THE LAKE
WAS ALIVE AND DANCING AGAIN .
WAS ALIVE AND DANCING AGAIN .
မြန်မာပြန် ၀ါကျ… သက်ပြင်းရှိုက်ကာ ညည်းကာ ညူကာ..ရေခဲကမ္ဗလာ၊ ရေခဲလွှာကို ဖယ်ခွာရုတ်သိမ်းပေးလိုက်သော နှင်းယွန်းဂိမှာန် ။
ရေကန်သာသည် တကြော့ပြန် နိုးထလာသည်။ လင်းအာရုဏ်သည် တောက်ပလျက်..။ လှိုင်းကြက်ခွပ်များ..ကြွကြွရွရွ ။
ရေကန်သာသည် တကြော့ပြန် နိုးထလာသည်။ လင်းအာရုဏ်သည် တောက်ပလျက်..။ လှိုင်းကြက်ခွပ်များ..ကြွကြွရွရွ ။
( အလင်းဆက် ၏ မှတ်ချက် )
DROWNING RUTH (သို့ မဟုတ် ) ဆောင်းည ရှိုက်သံ သည်
2011 ခုနှစ်အတွင် ကျွန်တော် အကြိုက်ဆုံးသော..၊ ခံစား၍ အကောင်းဆုံးသော
ဘာသာပြန်စာအုပ် အဖြစ် ( ကျွန်တော်) သတ်မှတ်ထားပါသည်။
_______________________________________________________
( အလင်းဆက် ၏ ၀န်ခံချက် )
ရသ ၀တ္ထုကောင်းတစ်အုပ်ဖြစ်သော ဆောင်းညရှိုက်သံကို စာချစ်သူများ လေ့လာ ခံစားနိုင်ရန်..ဝေမျှ တင်ပြလိုက်ပါသည်။
စာမျက်နှာ များခြင်း ၊ ဇာတ်အိမ် ကျယ်ခြင်း နှင့် ထူးခြားချက်များ များစွာရှိနေခြင်းတို့ကြောင့် အကျယ်တ၀င့်မပြောသာပါ။ ထို့ ကြောင့် အကျဉ်းချုပ်မျှသာ တင်ပြနိုင်ပါတော့သည်။
စာချစ်သူများ..စာအုပ်ကောင်းများကို လေ့လာခံစားနိုင်ကြပါစေ…။
သေဆုံးသွားသော…. ….. …. ….
ကိုယ် ထူခဲ့တဲ့ အလံဖြူတို့ ကို လှဲ….ပစ်ခဲ့ပြီ။
* မရေရာခြင်း စိုက်ခင်းထဲမှာ…မှ
ကိုယ်က အချစ်တစ်ပင် စိုက်ခဲ့မိ ။
ကိုယ့်ရင်က စီးကျတဲ့
သွေးစက်နီနီတို့ နဲ့  လောင်း……….ပက်…..
သစ်ပင် ကလေး….ရှင်……စေ….ချင်……ခဲ့…တယ်။
* ချစ်သူရေ…… …..
အနောက် တောင် ဘက်က အက်ဆစ်မိုးက
မုန်းစရာ ကောင်းလိုက်တာ…။
* အရည်ပျော်….သွားတဲ့ ပျိုးခင်းထဲမှာ…
ထာဝရ နှုတ်ဆက်ခြင်း..နဲ့ 
ရူးသွပ်စွာ လွမ်းဆွတ်ခြင်း..တွေကိုပဲ….ရှာ.တွေ့ ခဲ့တယ်။
* ( ကိုယ့်ဒဏ်ရာ / ကိုယ့်လက်နဲ့  ဖိ.ရင်း…)
သေသွားတဲ့  မျှော်လင့်ချက်တွေအတွက်
ကိုယ့်ကိုယ် ကိုယ်ပဲ… လူညံ့ လို့  မှတ်ပါ့မယ်။
* ကိုယ့်ကိုယ်ကိုယ် ပြန် ခုတ်နေတဲ့
ဓါးတစ်လက် ရဲ့ မိုက်မဲမှုမျိုး…ကို
အခု…….
ကိုယ် ..အားကျနေတယ်။ ။
အား…….ကျ….နေ တယ်။
****************************
လေးစားစွာဖြင့်
အလင်းဆက်
13 . 12 .2011 . 18း55 pm
alinsett.art`@gmail.com
မှတ်ချက်။ ။ တဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
ဝေဖန်ရေးသမား ( CRITIC ) ဆိုတာ…..
အရာ ဖြစ်သည် ။
စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး..
ဝေဖန်ရပါသည်။
စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန့် သော/ ဆန်းကြယ်သော..) ကြောင့်
ဖြစ်ပါသည်။
မော်ဒန် အနုပညာကို ဂန္ထ၀င် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။…
ဂန္ထ၀င် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။
( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထ၀င် ဝေဖန်ရေး အစဉ်အလာများဖြင့်
တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ )
သူ့ ဘက် ကမ်းက မီး…ဘယ်လောက် လင်းသလဲ..သိချင်လျှင်..ကိုယ့်ဘက်ကမ်းက မီးကို
မှိတ်ကြည့်ရပါမည်။ ။
မုန်းသော မျက်စိဖြင့် ကြည့်လျှင် မှားသလို..ချစ်သော မျက်စိဖြင့်လည်း ကြည့်ဖို့  မလိုပါ။
သမာသမတ်ကျသော / မျှတ သင့်လျော်သော/ ဓမ္မဓိဋ္ဌာန် ကျသော အမြင် များဖြင့်သာ..ကြည့်ရပါမည်။
________________________________________________
ဝေဖန်ရေးသမား တစ်ယောက်သည်
၁ ။ ကိုယ့်အကြိုက်နှင့် ကိုက်ညီမှု / မညီ မှု..ဆိုင်ရာ သတ်မှတ်ချက်များကို စွန့် လွတ်ရမည်။
၂ ။ လူမျိုးစွဲ ၊ ဘာသာ စွဲ ၊ အုပ်စု စွဲ ၊ ပုဂ္ဂိုလ်စွဲ များနှင့်..စနစ်ဝါဒအစွဲများ ( အခြားအစွဲများကိုလည်း.)
စွန့် လွတ်ထားရမည်။
၃ ။ ဖန်တီးသူအပေါ်.အထင်သေးမှု..၊ ဖန်တီးထားသော အနုပညာအပေါ်..အထင်သေးမှုများ မရှိစေရ ။
အထင်ကြီးမှုလည်း မရှိစေရ ။ အထင်သေး ရှုံ့ ချ လိုခြင်း ၊ အထင်ကြီးလေးစားခြင်း..ဆိုသော အစွန်းနှစ်ဖက်မှ
လွတ်ကင်းနေရပါမည်။
၎ ။ ဝေဖန်ရေးသမားသည်..ကိုယ့် ဂုဏ် ကိုယ်မဖော်ရ ။ ကိုယ့်မှာရှိသော ဂုဏ် တစ်ခုခုဖြင့် ယှဉ်ထိုး ၍
IMPRESSIONISM ..အကြောင်း နည်းနည်းပြောမယ်။
IMPRESSIONISM ..အကြောင်း နည်းနည်းပြောမယ်။
IMPRESSION SUNRISE လို့ အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ၀ါဒ တစ်ခု ၇ှိပါတယ်။
( IMPRESSIONISM ) ပါပဲ..။
အဟောင်းတွေနဲ့  အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို့  ဆိုရမှာပါ။
အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ ရေးဆွဲရာမှာ..
အဲဒီအရာတွေ..အပေါ် ကျရောက်နေတဲ့ အလင်း ..အရောင် …အရိပ်တွေ ကိုပဲ…အမိအရ ဖမ်းပြီး…ရေးဆွဲရမယ်..တဲ့ ။
အလင်းတွေရဲ့  လှုပ်ရှားပြောင်းလဲမှုကြောင့်..အရောင်..အရိပ်တွေလည်း လိုက်ပါ ပြောင်းလဲ..ရပါတယ်။
အဲဒီ လှုပ်ရှားမှုရဲ့ …တဒင်္ဂ တစ်ခဏလေးကို ( တဒင်္ဂ တစ်ခဏလေးအတွင်း )
ဖြစ်ပေါ်တဲ့ လှုပ်ရှားမှု..( အလင်း ..အရောင်..အရိပ်..) တွေကိုပဲ…
အမိအရ ဖမ်း ရေးဆွဲကြပါတယ်။
အဲဒါကသာ အဓိက ပဲ…တဲ့။
အဲဒီလို ရေးဆွဲခြင်းရဲ့ အကျိုးဆက်ကတော့..
( အလင်း ..အရောင် ….အရိပ်တွေကိုပဲ..အဓိက ထားရေးဆွဲတော့..)
အကြောင်းအရာ ( SUBJECT / MATTER ) တွေရဲ့  အရေးပါမှု…လျော့ကျသွားပါပြီ။
သူတို့  ၀ါဒ အရ ပန်းချီကားထဲက အရာဝတ္ထုက ဘာမှ အရေးမကြီးဘူး။ မြင်းတစ်ကောင် ဖြစ်ဖြစ်..၊
ပန်းတစ်ပွင့်ဖြစ်ဖြစ်..၊ ရေနွေးအိုးတစ်လုံးပဲ..ဖြစ်ဖြစ်.. အရေး မကြီးဘူး..။ သူတို့ အဖို့  အရေးကြီးတာက..
အလင်း…အရောင်…အရိပ်တွေရဲ့  လှုပ်ရှားပြောင်းလဲမှု……။
စာပေနယ်မှာ ဆိုရင်လည်း…. ဇာတ်လမ်းတို့  ၊ ဇာတ်ကောင်…တို့ ရဲ့ အရေးပါမှုက
လျော့ကျသွားပြီး… ဖန်တီးသူရဲ့  စိတ်အစဉ်မှာ…တဖျတ်ဖျတ် ဖြစ်ပေါ်သွားတဲ့ စိတ်ကူးအာရုံတွေကိုသာ
အမိအရ ဖမ်းဆုပ်နိုင်ဖို့  ကြိုးစားလာကြပါပြီ..။
မော်ဒန် ၀တ္ထုတိုတွေမှာ…ဇာတ်လမ်း မဲ့ လာပါတယ်။ ဇာတ်ကောင် သရုပ်ဖော်မှု ဝေ..၀ါး လာပါတယ်။
သေချာတာကတော့…. အင်ပရက်ရှင်ဝါဒ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ…
အစဉ်အလာဟောင်း ၊ စံသတ်မှတ်ချက် အဟောင်းတွေကို ချိုးဖျက်ပြီး..
လမ်းရိုးကြီးက ခွဲထွက်လိုက်တဲ့ အနုပညာရှင်တွေ…၊
လမ်းရိုးက ခွဲထွက် ထားတဲ့ အနုပညာပစ္စည်းတွေ….
အရှိန်အဟုန်ပြင်းစွာ….
ဖြစ်ပေါ်လာကြတာပါပဲ..။
အနုပညာဆိုတာကို ဖန်တီးခြင်းတစ်ခု ( CREATION ) အဖြစ် မြင်နိုင်သူ ဆိုရင်…
အင်ပရက်ရှင်ဝါဒ ပေါ်ပေါက် အားကောင်းလာခြင်းကို မမုန်းနိုင်ပါဘူး…။
_______________________________________________
ကျွန်တော် ချစ်တဲ့အရာတွေ ထဲမှာ… အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) လည်း ပါ…ပါတယ်။
______________________________
ဒီဝါဒ ကို အာလုံးလည်း ကြားဖူး သိဖူးကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်က ကျွန်တော် သဘောကျမိတဲ့
အနုပညာဆိုင်ရာ အတွေးအခေါ် အချက်အလက် တစ်ခုကို တို့ …ထိ ဖော်ပြတာပါ။
အတွန့် တက် ဆောင်းပါး..လို့  ထင်ရင်လည်း ထင်သွား နိုင်ပါတယ်။
________________________________________
ဘာပဲ..ပြောပြော
အနုပညာ လောက တိုးတက်ဖို့ ရည်ရွယ်သူတွေ ဟာ…
ကျွန်တော် ယူဆပါတယ်။ ။
_________________________________
( အတွန့် တက်…၀ါကျ )
ဒီဝါကျကတော့ အတွန့်တက် ၀ါကျ ပါ။
ကျွန်တော့် ရဲ့  ဒီ ဆောင်းပါးမှာ သုံးထားတဲ့..IMPRESSIONISM ဆိုတဲ့ စကားလုံးကို
DICTIONARY ( အင်္ဂလိပ်မြန်မာ အဘိဓါန် ထဲ့မှာ ဖွင့်ဆိုထားတဲ့ အဓိပ္မါယ်.များအတိုင်း သုံးဖို့  မရည်ရွယ်ပါဘူး။)
IMPRESSIONISM ကို IMPRESSIOMISM ဆိုတဲ့ စကားလုံးအတိုင်းပဲ….သုံးချင်ပါတယ် ။
သမားစဉ်ဆက် လည်း အင်ပရက်၇ှင် ၀ါဒ လို့ ပဲ..ခေါ်ဝေါ်သုံးစွဲကြတာ မှတ်သားခဲ့ရပါတယ်။
————————————
လေးစားစွာ..ဖြင့်…
အလင်းဆက်
alinsett.art@gmail.com
အောက်မှာ…တာရာမင်းဝေရဲ့ ကဗျာ တစ်ပုဒ်ကို ဖော်ပြချင်ပါတယ် ။
ကိုယ်ရေးကိုယ်တာ စာမေးပွဲ
အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအင်္ကျီနဲ့ပြန်ချုပ်တယ်
အဘိဓါန် နဲနဲလုပ်မလို့တဲ့ … ။
စီးကရက်ကပြောတယ်
သူ့ကို နှုပ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ … တဲ့
( ဟုတ်တော့လည်း ဟုတ်ပါတယ်လေ )
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့မှာထားတယ် ။
တီ .. တီ .. တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီးထရံမှာ သူ့ကိုချိတ်ထားလိုက်ပါတဲ့
“ကျင်း” တွေကို နာခံရတာ “ကျဉ်း” တယ်ဆိုပဲ … ။
ဆေးပုလင်းကို စားပွဲပေါ် တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ … ။
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လမ်းလျှောက်ပြလိုက်စမ်းပါ
ဆင်မ ယဉ်သာ … ။
မှတ်ချက်။ ။
Thursday, January 12, 2012
Subscribe to:
Posts (Atom)
ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ
စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...
-
မြင့်မားသော တောင်တန်းကြီးများကိုကျော်လွန်လာပြီး လမောင်ဆိုသည့်ရွာလေးကို သူငယ်ချင်းတစ်စုရောက်ခဲ့ကြသည်။...
-
မူးတူးတူးနှင့်ပျော်...၊ ဥသြရယ်တစ်ညံညံရယ်နှင့် ပြုတ်ပြန်တဲ့ ဆန်ပြုတ်၊ အဖြူအနီအ၀ါရယ်စုံလို့ ပကတိတို...
-
တဖြည်းဖြည်း နည်းပါးလာသော စာကြည့်တိုက်ရှိ စာအုပ်ဗီဒိုကိုကြည့်ရင်း စိတ်ပျက်လာမိသည်။ စာအုပ်လာငှားပြီး ပြ...
-
This video is radio version for "Mya" short story by Thaw Zin (Loikaw). He is a writer and he live in Loikaw, Kayah State. He w...