Thursday, December 8, 2011

ဒီဇင်ဘာနောက်ဆုံးည



ည ၂၄နာရီကျော်ခါနီး
အားလုံးရဲ့ ရင်ခုန်သံတွေက
အမြန်ရထားတစ်စင်းလို
မှန်မှန်ခုတ်မောင်းလို့
နှစ်သစ်ဘူတာကြီးသို့ ဆိုက်ရောက်ချင်ပြီ.....။

သီဆိုချင်နေတဲ့ သီချင်းတစ်ပုဒ်နဲ့
စည်ချက်သံတွေ စီးဆင်းခဲ့...
ရပ်လို့မရတဲ့ တေးသွားတစ်ခုမှာ.....
ခိုဝင်ညည်းရင်း
တစ်နှစ်တာရဲ့ ဘ၀အမော..
လျှောခနဲ မြောပါစေဖို့...
ငါတို့တွေ အသင့်ပြင်ကြစို့ရဲ့....။

အေးစက်စက် ဒီဇင်ဘာညကို
ပခုံးတစ်ချက်မတွန့်
နှင်းထုကိုအံတု
ငါတို့ ကြိုလင့်မယ့် အချိန်...တစ်ဖြည်းဖြည်းနီးခဲ့ပေါ့..
စိတ်တွက်နဲ့ ရေရွတ်...
သံပြိုင်တေးသံလို..ငါးဆယ့်ကိုး ခြောက်ဆယ်..
Happy New Year ...တဲ့.....။

ငါတို့ရဲ့ ရင်တွင်းသံနဲ့ အော်တဲ့ည..
2012 က
ကြိုလင့် လက်ကမ်းလိုက်တာက
တို့အတူ ချီတတ်စို့တဲ့...
စီးမျောခဲ့တဲ့ ဒီဇင်ဘာည...
ငါတို့ နင့်ကို နုတ်ဆက်ခဲ့တယ်....။

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...