Thursday, December 8, 2011

နုတ်မဆက်နဲ့….သူငယ်ချင်း



ဟိုင်း…
တွေ့ရင် နုတ်ဆက်..
မရဲတရဲတွေ့ခဲ့ကြ…လည်ပင်းဖတ်ပြီး ဆဲရေးတတ်ပြီ..။
စကားနောက် ရန်မဖြစ်တတ်သလို..
မုန်းရကောင်းမှန်းမသိ….
ပျော်နေတာပဲ သိခဲ့တယ်..။

ဟိုင်း…
ခင်ခဲ့တာမကြာ…
မီးခိုးငွေ့နဲ့ကော်ဖီကြား ဗျာများလို့မအား…
ငိုအားထက်..ရယ်အားတန်ခဲ့ကြ….
မျက်ရည်ဆိုတာ ငိုဖို့မှ မဟုတ်ခဲ့ကြတာ..။

ဟိုင်း….
ခုတော့ ရယ်ခဲ့တုန်းက ကြတဲ့မျက်ရည်…
နုတ်မဆက်နဲ့ငိုချင်တယ် သီချင်း..နဲ့
ဘိုင် လို့ပြောရမှာလား…
ဟိုင်းလို့….ပြောရမှာလား
အောက်တိုဘာလဆန်းညရဲ့ သန်းခေါင်လည်မှာ
အသံတွေတိတ်..ရင်ထဲက ဝေဒနာကို
ဂစ်တာအိုတစ်လက်ပေါ်ပုံချလို့
အလွမ်းသံစဉ်တွေကြူးရင့်
ဝမ်းနည်းရမှာလား……
ဝမ်းသာရမှာလား……
လမ်းခွဲ…..ရတော့…မယ်ဆိုတာ သိတဲ့နောက်…
နုတ်မဆက်ချင်တော့ဘူးကွယ်…။
သော်ဇင်(လွိုင်ကော်)
၇-၁၀-၂၀၁၀

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...